Monday, January 28, 2013

ကမ္ဘာ့ဘဏ် မြန်မာ့ကြွေးတွေလျော်ပစ်


ကမ္ဘာ့ဘဏ်နဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) တို့က မြန်မာပြည်က ဆပ်ဖို့ တင်ကျန်နေတဲ့ ကြွေးဟောင်း တွေကို လျော်ပစ်တော့ မယ်လို့ ကြေညာချက် ထုတ်ပါတယ်။
မြန်မာ ပြည်သူတွေရဲ့ ဆင်းရဲ ချို့တဲ့တဲ့ ဘဝတွေကို တိုးတက် ဖွံ့ဖြိုးစေဖို့ ကမ္ဘာ့ဘဏ်၊ အေဒီဘီနဲ့ ဂျပန်လို နိုင်ငံတွေ လက်တွဲပြီး ရင်းနှီး မြှုပ်နှံမှုတွေ တက်လာအောင်၊ အလုပ်အကိုင် သစ်တွေ ဖွံ့ဖြိုး ပေါ်ထွက် လာအောင် ညှိနှိုင်း ကြိုးပမ်း သွားမယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ ကမ္ဘာ့ဘဏ် ဒါရိုက်တာ အင်းနက် ဒစ်ဆင်က ပြောကြား ပါတယ်။
ဇန်နဝါရီလ ၂၂ ရက် နေ့ကပဲ ကမ္ဘာ့ဘဏ် ဘုတ်အဖွဲ့က မြန်မာပြည် ပြုပြင်ရေး ထောက်ပံ့မှုနဲ့ ပြန်လည် ရင်ကြားစေ့ရေး ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၄၄ဝ ထုတ်ချေးဖို့ သဘောတူ ဆုံးဖြတ် ခဲ့ကြပါတယ်။
ဂျပန် နိုင်ငံက သူ့အပေါ် မြန်မာ နိုင်ငံ တင်ရှိနေတဲ့ ကြွေးမြီတွေကို မကြာခင်က လျော်ပစ်ခဲ့သလို ကမ္ဘာ့ဘဏ်ကလဲ ဒေါ်လာ သန်း ၈ဝ တန် ရပ်ရွာ ဖွံ့ဖြိုးရေး စီမံချက် မြန်မာပြည်ကို ထောက်ပံ့ခဲ့ပြီး ဖြစ်ပါတယ်။
၂ဝ၁၁-၁၂ ဘဏ္ဍာရေး နှစ် မြန်မာ့ စီးပွားရေး တိုးတက်မှု ၅.၅ ရာခိုင်နှုန်း ရှိပြီး၂ဝ၁၂-၁၃ မှာ စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှု ၆.၃ ရာခိုင်နှုန်းထိ ရောက်ဖို့ မှန်းထားတာ ဖြစ်ပါတယ်။

No comments:

Post a Comment